Friday, June 26, 2009

ကိုယ့်ရင်ထဲကိုယ် အရင် ငုံ့ကြည့်လိုက်စမ်းပါ

ဒီမိုကရေစီအဖွဲ့တွေ အဝေမတည့်ကြဘူး၊ ပိုက်ဆံလေး၊အာဏာလေး၊နေရာကို နှစ်ကြာတယ်၊လုပ်သက်ရင့်လို့၊ငါကဘာကောင်
လို့ ယူဆကာ သွေးစည်းမဲ့အစား ဘာမဟုတ်တဲ့နေရာလေးမှာကိုပင် ဒီမိုကရေစီစနစ်မကျင့်သုံးကြဘူးဆိုတာသိ
ရတယ်။ ဒီလိုဆိုဘယ်လို ဒီမိုကရေစီဘက်တော်သားတစ်ယောက်က ဒီမိုကရေစီကိုတိုက်နိုင်မှာလဲ၊ ကိုယ်ကိုယ်တိုင်
တောင်မှ ဒီမိုကရေစီကိုနားမလည်သေးပဲကိုး။ ပြည်ပရောက်လာတော့ တောသားမြို့ရောက်ဆိုသလိုမျိုး မမြင်ဘူးတဲ့ ရွှေပလင်ကို မြင်ရတော့ အာသာရမက် ငန်းငန်းတက်လာတယ်။ ထိမ်းမနိုင် သိမ်းမရဖြစ်လားတယ်။
နေရာကို အာဏာရှင်လမ်းစဉ်အတိုင်းစွဲကိုင်လာချင်တယ်၊ အဲဒါက ဒီမိုကရေစီကိုဆန့်ကျင်တဲ့ သူတွေလားတဲ့၊
ကိုယ့်နဲ့လက်တွဲဖော်လုပ်ကိုင်ဖက်တွေကို လဲနေရာပေးရတယ်၊ သူတို့အရည်အချင်းကို အသိအမှန်ပြုတတ်ရတယ်၊
ကိုယ်ကိုယ်တိုင်ကမှ တော်ကောင်းတတ်တဲ့သူတွေရဲ့အခွင့်အရေးကို အသိအမှန်မပြုတတ်ဘူးဆိုယင် ကိုယ်ရှာဖွေနေတဲ့ ဒီမိုကရစီဆိုတာ အလှမ်းဝေနေအုံးမယ်ဆိုတာ သေချာတွေးကြည့်စမ်းပါကိုယ့်လူရာ။
အဖွဲ့အစည်းတစ်ခုဖွဲ့လိုက်တိုင်း ကိုယ်ကကုလားထိုင်ကနေချင်ဘူဆိုယင်တော့ တစ်နှစ်တစ်ခါ အဖွဲ့အစည်း
ဖွဲ့စည်းတိုင်း ခေါင်းဆောင်လုပ်ချင်တဲ့သူတွေကိုမဲပေးတဲ့ စနစ်ကျင့်သုံးကျယင်မကောင်းပေဘူးလား၊အဖွဲ့ခေါင်းဆောင် လုပ်ချင်တဲ့သူတွေကို ကျန်တဲ့အဖွဲ့သားအားလုံးကု မဲစနစ်နဲ့ရွေးမယ်၊ ဒါဆိုယင် ကိုအဖွဲကနေပီး ဒီမိုကရေစီကို စတင်ကျင့်သုံးနေပီဆိုတဲ့ သဘောမျိုးဆောင်းနေပီလေ။
ဘာမဟုတ်တဲ့အဖွဲ့အစည်းလေးဖွဲ့တာတောင်မှ အာဏာကို စွဲကိုင်ထားခြင်တယ်ဆိုယင် ဒီမိုကရေစီအရေးတော်ပုံ အောင်လို့ တစ်ဒေါက်တစ်နေရာကနေ များနေရာရယင် ဆင်းပေးချင်ပါ့အုံးမလားဆိုတာ စဉ်းစားစရာတွေပါလာပီ။
ဒီမိုကရေစီဆိုတာ အဖွဲ့အစည်းညီညွတ်ရေးပဲ၊ ညီညွတ်တဲ့အဖွဲ့အစည်းဖြစ်ဖို့ ကိုယ်ကိုယ်တိုင်လဲ ညီညွတ်ဖို့လိုတယ်၊ ဘုရားက ၀ဇ်ဇီတိုင်းသားတွေကိုဟောကြားထားတဲ့ ဒီမိုကရေစီစနစ်ကိုလဲကျင့်သုံးတတ်ရတယ်။

Thursday, June 25, 2009

ထိုင်းနိုင်ရောက် မြန်မာများလူနေထိုင်မှု နှင့်အလုပ်အကိုင်များ

ဒီလိုရှိတယ်၊သူတို့ဘ၀ သူတို့ဓလေ့ပေါ့

25/06/2009

ဒီနေ့ ဘလော့လေးတစ်ခုရေးချင်တဲ့စိတ်ရှိလာတာနဲ့ ဒီဘလော့လေးကို ဖန်တီလာမိတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကလဲ ဘလော့ကိုရေးခဲ့ဖူးပါတယ်။ နောက်တော့ ပျင်းနေတာနဲ့ပဲ ဆက်မရေးဖြစ်ခဲ့တော့ဘူး။
ကိုယ်ပိုင်ဘလောဂ်လုပ်ချင်တာကလဲ ကိုယ်ရေးတဲ့ စာတွေကို ခဏတာသိမ်ထားချင်တာလဲ ပါပါတယ်။
၂၀၀၉ ၀င်လာတာ ခြောက်လတောင်ရှိရောပေါ့။ နောက်ခြောက်လဆိုယင် ၂၀၀၉ ကလဲကုန်ပီလေ။ စက်ကန့်ကို
မီနစ်စား၊ မီနစ်ကို နာရီစား၊ နာရီကို ရက်စား၊ ရက်ကို လစား၊ လကိုကို နှစ်စား၊ နှစ်က လူကိုစား ဒါနဲ့ပဲ ဒီဘ၀တစ်ခု
မီးစာငြိမ်းသွားတာပေါ့လေ။ ရွှေသမင် တံလျပ်ကို ရေထင်နေသမျှ ဘ၀ဟာလဲ ဘယ်အခါမှ ပြည့်စုံတယ်လို့ ပြောလို့
ရမယ်မထင်ပါဘူးကွယ်။