Wednesday, November 25, 2009

ဘာကြောင့် လူတွေ ရွေ စိန် ကို ၀တ်ဆင် ရသလဲ



ကမ္ဘာစဖြစ်တည်ကတည်းက ရုပ်ဝတ်ထုသက်တမ်း အနုအရင့်ကို တွက်ကြည်ယင်တော့ ရတုတွေ လုပ်လာခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုကို ပြန်တွေးကြည့်ရမယ်ထင်ပါတယ်။ ငွေရတု၊ ရွှေရတု၊ စိန်ရတု၊ပတ္တမြားရတုတဲ့လေ။

ကမ္ဘာဦးကစတင်ပြီး လူတွေက သက်သမ်း အနုအရင့်ကိုလိုက်ကာ ၀တ်ဆင်လာကြပါတယ်။ ကမ္ဘာမှာ ပဌမဆုံး စတင်ဖြစ်တာက မြေကြီးပါပဲ။ မြေကြီးတွေကြာလာတော့ ကျောက်ခဲ့ဖြစ်လာတယ်။ ကျောက်ခဲတွေကြာလာတော့
သံဖြစ်လာတယ်။ သံကြာလာတော့ ကြေးဖြစ်လာတယ်။ ကြေးကြာလာတော့ ငွေဖြစ်တယ်တယ်။ စိန်ဖြစ်လာတယ်။ ကမ္ဘာတည်စကတည်းက မာကြောတဲ့အရာဝတ်ထုဆိုတာ မြေကြီး ပါပဲတဲ့။ အဲဒီမြေကြီးဟာ အဆီးခဲဖြစ်နေသတဲ့။ နောက်ကြာသထက်ကြာလာတော့မှ ...
ပတ္တမြားဖြစ်လာတယ်။ ဒါက သက်တမ်းအနု အရင့်ပေါ်မှာမူတည်ပြီး ဒီဓာတ်ပေါ်မှာ အမှီယူလို့ရအောင် ( ဓာတ်ကူးယူ) ကြတာပါပဲ။ အဲဒါကို အမှတ်မှားကြပြီး ရွှေ ၊ ငွေ တွေ အပေါ်မှာ တပ်မက်စရာလို့ ယူဆလာကြတယ်။
သတ်မှတ်တဲ့ချက်တန်ဖိုးအပေါ်မှာ သမုတိ ချက် လုလာကြတယ်။ ကြွားစရာအဖြစ်ယူဆလာကြတယ်။
အခုခေတ်မှာတော့ ကား၊ မိုဘိုင်းဖုန်း၊ ဇိမ်ခံပစ္စည်းတွေ ကို အနောက်တိုင်းက တန်ဖိုးဖြတ်ချက်အပေါ်မှာမူတည်
ပြီး ဒါသည်ပင်လျင် တကယ်အမှန်ပဲလို့ယူဆလာကြတယ်။ တကယ်တော့ သမုတိအမှန်လောက်မျှသာဖြစ်ပါတယ်။ သမုတိသစ္စာက ၀ိပလ္လာသနဲ့ ချယ်လှယ်လေတော့ စိတ်ထဲက ရောင်ပြန်ဟတ်လာတာပေါ့။

လူတွေက ပိုက်ဆံကို ထုတ်လုပ်ပါတယ်။ ပိုက်ဆံမတိုင်ခင်ကတော့ ကုန်ပစ္စည်းချင်းဖလှယ်လာခဲ့ကြတယ်။ လူတွေကိုတိုင်ထုတ်ထားတဲ့ ပိုက်ဆံကပဲ လူတွေ ဒုက္ခပြန်ပေးနေတယ်။ ပိုက်ပိုက်ရှာလိုက်တာ လင့်ဟာသွားတဲ့ တကယ့်ပျော်ရွှင်မှုတွေကိုတောင် လူတွေမှာ မရလာရှာကြတော့ပါဘူး။ ( ဆက်ပါအုံးမယ်)



Tuesday, November 17, 2009

သတိမမူ ဂူမမြင်၊ သတိမူလျင် မြူကိုပင် မြင်နိုင်ပါသည်


( အုတ်တချပ် သဲတပွင့်)
ကမ္ဘာကြီးက အနုမြူကနေ စတင်ပြီး အနုမြူမှာတင်ပြန်ဆုံးပါတယ်။ အုတ်တချပ် သဲတစ်ပွင့်ဆိုတဲ့ စကားလေးကို ရှင်းလင်းကြပါစို့၊ မြို့ကြီးပြကြီးတွေမှာမြင်နေကြရတဲ့
မိုးတိမ်မကမြင့်မားလှတဲ့ အဆောက်အဦးတွေက ဘယ်ကနေစတာလဲပေါ့။ အုတ်ချပ်တစ်ခုချင်းစီတွေကို စီကာစဉ်ကာ ထပ်ပြီး ပေါင်းထားလို့ ဒီလိုအဆောက်အအုံတွေဖြစ်လာတာပေါ့။ အုတ်ချပ်ကလဲ သဲတွေကို ပေါင်းစဉ်းထားလို့ အုပ်ချပ်တွေဖြစ်လာတာဖြစ်တယ်။ အငယ်ဆုံးသဲတစ်ပွင့်ချင်းကနေ အုတ်တစ်ချပ်ဖြစ်လာတယ်။ အုတ်တစ်ချပ်ကနေ ပေါင်းလိုက်တော့ ကြီးမာတဲ့ အဆောက်အအုံတွေဖြစ်လာတယ်။ ကြီးမားတဲ့ အဆောက်အအုံတွေပျက်စီးသွားပြန်တော့ ဆိုင်ကယ်လင်း စစ်တမ်( cycling system) အရ မြေမှုန့်သဲမှုန့်ပြန်ဖြစ်သွားတာပေါ့ဗျာ။ လူသားတွေရဲ ခန်ဓာကိုယ်ဟာလဲ အငွေ့လိုမျိုး (ရုပ်ဓာတ်ငွေ့) အမှုန်တွေကနေ စတင်ထားတာဖြစ်ပါတယ်။ အဲဒီငွေတွေကလဲ နာရီး မီနစ်စက္ကန့် မလပ် ငွေ့ငွေ့နဲ့ အလင်းတိုင်းစားပြီး ပျက်စီးနေတာပါပဲ။ အဲဒါကိုပဲ အနိစ္စလို့ ပြောတယ်ထင်ပါတယ်။ အငွေ့တွေထွက်တာထင်ရှားတာကတော့ ပထမလူတစ်ယောက်ရေချိုးပီးထွက်လာတဲ့ရေချိုးခန်းကို နောက်လူ ( သင်ဖြစ်နေခဲ့ယင်)သင်ဝင်သွားခဲ့ယင် ရေချိုးခန်းကပူနေတာကို သင်ခံစားမိမှာပါ။ အဲဒါဟာ (အရင်လူက) သူ့ခန်ဓာထဲက ရုပ်ဓာတ်အမှုန်အမွားတွေလွင့်စင်ပီး ( အလင်းပျံကာ ပျက်စီးနေတယ်ဆိုတဲ့ သက်သေပဲပေါ့ဗျာ။ )ဒါကြောင့် လူတွေက အိုမင်းလာတဲ့ သဘော(သန္တတိဇာတိ ဇရာ မရဏ)ဖြစ်လာရပါတယ်။ ရက် ၊ လ ၊ နှစ်တွေ ကြာလာတော့ ပုံစံတွေပြောင်းလဲလာတာဖြစ်တယ်။ ရှင်းရှင်းပြောရယင် ရုပ်ဓာတ်တွေကုန်ဆုံးနေတယ်လို့ ပြောတာပေါ့ဗျာ။ အဲဒီ လိုပဲ နာမ်ဓာတ်ဟာလဲ ပြောင်းလဲ ကြွေလွင့်နေတာပါပဲပေါ့။
အနှစ်ချုပ်ကြည့်တော့ လူဆိုတာ ရုပ်ဓာတ် နဲ့ နာမ်ဓာတ်နှစ်ခုကို ပေါင်းထားတဲ့ သတ္တ၀ါ တစ်ကောင်ပါပဲလားဗျာ။