Tuesday, November 17, 2009

သတိမမူ ဂူမမြင်၊ သတိမူလျင် မြူကိုပင် မြင်နိုင်ပါသည်


( အုတ်တချပ် သဲတပွင့်)
ကမ္ဘာကြီးက အနုမြူကနေ စတင်ပြီး အနုမြူမှာတင်ပြန်ဆုံးပါတယ်။ အုတ်တချပ် သဲတစ်ပွင့်ဆိုတဲ့ စကားလေးကို ရှင်းလင်းကြပါစို့၊ မြို့ကြီးပြကြီးတွေမှာမြင်နေကြရတဲ့
မိုးတိမ်မကမြင့်မားလှတဲ့ အဆောက်အဦးတွေက ဘယ်ကနေစတာလဲပေါ့။ အုတ်ချပ်တစ်ခုချင်းစီတွေကို စီကာစဉ်ကာ ထပ်ပြီး ပေါင်းထားလို့ ဒီလိုအဆောက်အအုံတွေဖြစ်လာတာပေါ့။ အုတ်ချပ်ကလဲ သဲတွေကို ပေါင်းစဉ်းထားလို့ အုပ်ချပ်တွေဖြစ်လာတာဖြစ်တယ်။ အငယ်ဆုံးသဲတစ်ပွင့်ချင်းကနေ အုတ်တစ်ချပ်ဖြစ်လာတယ်။ အုတ်တစ်ချပ်ကနေ ပေါင်းလိုက်တော့ ကြီးမာတဲ့ အဆောက်အအုံတွေဖြစ်လာတယ်။ ကြီးမားတဲ့ အဆောက်အအုံတွေပျက်စီးသွားပြန်တော့ ဆိုင်ကယ်လင်း စစ်တမ်( cycling system) အရ မြေမှုန့်သဲမှုန့်ပြန်ဖြစ်သွားတာပေါ့ဗျာ။ လူသားတွေရဲ ခန်ဓာကိုယ်ဟာလဲ အငွေ့လိုမျိုး (ရုပ်ဓာတ်ငွေ့) အမှုန်တွေကနေ စတင်ထားတာဖြစ်ပါတယ်။ အဲဒီငွေတွေကလဲ နာရီး မီနစ်စက္ကန့် မလပ် ငွေ့ငွေ့နဲ့ အလင်းတိုင်းစားပြီး ပျက်စီးနေတာပါပဲ။ အဲဒါကိုပဲ အနိစ္စလို့ ပြောတယ်ထင်ပါတယ်။ အငွေ့တွေထွက်တာထင်ရှားတာကတော့ ပထမလူတစ်ယောက်ရေချိုးပီးထွက်လာတဲ့ရေချိုးခန်းကို နောက်လူ ( သင်ဖြစ်နေခဲ့ယင်)သင်ဝင်သွားခဲ့ယင် ရေချိုးခန်းကပူနေတာကို သင်ခံစားမိမှာပါ။ အဲဒါဟာ (အရင်လူက) သူ့ခန်ဓာထဲက ရုပ်ဓာတ်အမှုန်အမွားတွေလွင့်စင်ပီး ( အလင်းပျံကာ ပျက်စီးနေတယ်ဆိုတဲ့ သက်သေပဲပေါ့ဗျာ။ )ဒါကြောင့် လူတွေက အိုမင်းလာတဲ့ သဘော(သန္တတိဇာတိ ဇရာ မရဏ)ဖြစ်လာရပါတယ်။ ရက် ၊ လ ၊ နှစ်တွေ ကြာလာတော့ ပုံစံတွေပြောင်းလဲလာတာဖြစ်တယ်။ ရှင်းရှင်းပြောရယင် ရုပ်ဓာတ်တွေကုန်ဆုံးနေတယ်လို့ ပြောတာပေါ့ဗျာ။ အဲဒီ လိုပဲ နာမ်ဓာတ်ဟာလဲ ပြောင်းလဲ ကြွေလွင့်နေတာပါပဲပေါ့။
အနှစ်ချုပ်ကြည့်တော့ လူဆိုတာ ရုပ်ဓာတ် နဲ့ နာမ်ဓာတ်နှစ်ခုကို ပေါင်းထားတဲ့ သတ္တ၀ါ တစ်ကောင်ပါပဲလားဗျာ။

No comments:

Post a Comment