Monday, September 28, 2009

ငါတို့နေရာ ဤမြေကမ္ဘာ .....


ကိုယ့်တို့ ရွာအကြောင်းပြောတော့မယ်ဆိုယင် တောတွေပြုန်းတီးပြီး ရွာသားတွေ စိုက်တဲ့ သီးနှံတွေက တစ်နှစ်ထက်တစ်နှစ် အပူရှိမြင့်တက်လာလို့ သဘာဝအတိုင်း ဓာတ်မြေသြဇာမပါဘဲ အသီးအထွက်လျော့လာတာကို သတိထားမိပါတယ်။ လောလောဆယ် ကုလသမဂ္ဂမှာလည်း တောပြုန်တီးတာနဲ့ ကမ္ဘာကြီးပူနွေးလာမှု ဆိုတဲ့ ကောင်းစဉ်တွေနဲ့ပဲ ကမ္ဘာ့ထိပ်တန်းဆွေးနွေးမှုလုပ်လာတာတွေ့နေရတယ်။သူတို့ကတော့ ရောင်စုံမီးတွေအောက်မှာ ခန်းနားကြီးကျယ်စွာနဲ့ဆွေးနွေကြနေကြတာပေါ့။ တို့ကတော့ ရွာမှာ ဖယောင်းတိုင်မီးနဲ့ပဲ လူတွေစုံတုန်း တောင်ယာခုတ်လို့ တောပြုန်းတီးလာနိုင်တဲ့ အန္တရာယ်ကို တစ်ခါတုန်းက ကြုံလို့ ပြောပြခဲ့ဖူးပါတယ်။ ရွာသူရွာသားတွေက ဘာတွေလာပြောနေပါလိမ့်လို့တစ်ချို့က တွေးတောစရာ ဖြစ်နေကြပါလိမ့်မယ်။ ရွာလယ်မှာ တောင်ကျချောင်းရေကတော့ ငယ်ငယ်ကဆို တပေါင်း တံခူးလထိ ရေတွေရှိနေခဲ့ပါတယ်။ အခုအချိန်မှာတော့ ပြာသိုလ၊ တစ်ပိုးတွဲလလောက်ဆိုပဲ ကျွဲ၊နွားနဲ့ လူတွေက ရွာလယ် တောင်ပေါ်ကနေစီးလာတဲ့ ချောင်းရေကို လုယက် သုံးနေရသလိုဖြစ်လာနေကြပြီ၊ တောင်ပတ်လည်ဝိုင်းနေတဲ့ ကျေးလက်ချစ်ဖွယ်ရွာလေးမှာတော့ ရွာသားတွေက ရာဘာပင်တွေ၊ လိမ်မော်ပင်တွေ ၊ မင်းဂွတ်သီးပင်တွေ၊ သံပရာပင်တွေစိုက်တာနဲ့တင် မြေနေရာမလုံလောက်လာလေတော့ စိုက်စရာမရှိမြေမလောက်တော့ တောင်ပေါ်တက်ပြီး တောင်ယာခုတ်ယင်း ခြံခင်းတွေ ချဲ့ထွင်လာကြတယ်။ သဘာဝသစ်တောကပေးနိုင်တဲ့ ရေ၊ လေ၊ သဘာဝမြေ သြဇာ တွေကလိုသလောက်မရကြတော့ပေ။ အစရှာတော့ ရွာလယ်မှာ စိုက်တဲ့ အသီး အရွက် စားပင်သောက်ပင် ကြီးငယ်များလဲ သဘာဝမြေဆီလွှာခန်းခြောက်လာတော့ သဘာဝမဟုတ်တဲ့ ပြည်တွင်း ပြည်ပ ဓာတ်မြေ သြဇာတွေ အားကိုးလာကြရတယ်။
ရွာဦးကျောင်းဆရာတော်ကလဲ ဒါကိုသိပ်မသိတော့ အထူးအထွေမပြောလို၊ ပြောဖို့တာဝန်ပေးတဲ့သူကိုတော့ နည်းနည်းတော့ အချဉ်ဖတ်သမားဖြစ်မယ်ထင်ပါတယ်။ လူတစ်ယောက်က ကိုယ်ထိုင်နေတဲ့ သစ်ကိုင်းကိုပဲ ကိုယ်ကိုယ်တိုင် ဖြတ်နေလေတော့ လမ်းဘေးလူက အမြင်မတော်လို့သတိပေးခဲ့ယင်တောင်မှ ကဲ့ရဲ့တဲ့ မျက်လုံးနဲ့ လှမ်းကြည့်ခံကြရသေးတယ်။
ဒါနဲ့ ရွာလည်မှာလမ်းဖြတ်လျှောက်တော့ တောင်သူတစ်ယောက်က မေးလာတယ်။ ရှေးအစဉ်ဆက် သူတို့ဘိုးဖွားဘီဘင်ကတည်းက ဒီလိုပဲ ရိုးရာ အစဉ်လာ လုပ်စားလာတာ အခုနေခါမှ မျိုးစုံနေတော့တာပဲတဲ့။ ကမ္ဘာပျက်ခါနီး နေမင်းကြီး ခုနစ်စင်းထွက်ယင် ကမ္ဘာလောင်မယ်မဟုတ်လား၊ အဲဒီအစား အခုတောခုတ်လဲ ဘာထူးလာမလဲတဲ့။ သူလဲ ကျနော် ခပ်ငယ်ငယ်က အတွေးလိုပဲထင်ပါတယ်။ ခန့်ငယ်ငယ်ကတော့ ကိုယ့်ရွာသည်သာ ကိုယ့်ကမ္ဘာထင်ခဲ့တာမဟုတ်ပါလားနော်။ ငါကတော့ မြို့မှာ ကာဘွန်ထုတ်နေတဲ့ အဲယာကွန်းကားစီးလို့ကောင်းနေပေမယ့် ရွာမှာတော့ဖြင့်............... ဟင်း ....ဘယ်လိုပက်သက်နေတာဘာလိမ့်နော်။

ဤစာပိုဒ်ကလေးဖြင့် ကုသမဂ္ဂက ပိဘတ်စ်မြို့တွင် ကျင်းပလျက်ရှိသော ကမ္ဘာကြီး ပူနွေးလာမှုဆိုင်ရာအစည်းအဝေးကို ဂုဏ်ပြုလိုက်ပါသည်။

Tuesday, September 1, 2009

ပါတ်စပို့စ် လုပ်လိုသူများ စုံစမ်းရန်

It is a good news for myanmar migrants workers all over the Kingdom of Thailand.
Migrants workers can apply new border pass book instead of current work pass / permit hold.
Thai Government could announce about procession of visa issue at the end of 2009. They will have an good opportunity to travel around country to work without any limitation as before.

လက်ရှိ သံတောင့်ဘတ်ကိုင်ထားသူများ၏ သံဒေါင့်ဘတ်ကို လာမည့် ၂၀၁၀ ဖေဖော်ဝါရီလတွင်
သက်တမ်းကာလ (၂) နှစ် ရှိ မြန်မာပါတ်စပိုစ်စာအုပ်များနှင့်လဲလှယ် ထုပ်ပေးမည်ဟုဆိုသည်။
ဘတ်ကိုင်ဆောင်ရတဲ့ ခေတ်လဲကုန်တော့မယ်တဲ့။
ပါတ်စပိုစ်ခ ကျပ်ငွေ ၃၀၀၀ ကျပ်
ထိုင်းဗီဇာကြေး ---------------------- ထိုင်းဘတ်ငွေ ၂၀၀၀ ဘတ် ကုန်ကျမည်တဲ့။

မြန်မာပြည်တွင်လုပ်ပေးနေသော၏ ဌာနများ
၁။ မြ၀တီ + မဲဆောက် ဌာန
၂။ကော့သောင်း + ရနောင်း ဌာန
၃။တာချီလိတ် + မယ်ဆိုင်ဌာန


ဘန်ကောက် ဖုန်းနံပါတ်= ၀၈၄-၆၄၅-၆၆၃၃

မဲဆောက် ဖုံးနံပါတ် = ၀၈၅ -၃၉၄-၀၃၈၁ / 084035307210

အသေးစိတ် သိလိုလျှင် အထက်ပါ ဖုံးနံပါတ်ကို ဆက်သွယ် စုံစမ်း ကြပါရန်။
ခေတ်ပြိုင်သတင်း နှစ်ပုဒ်က တော့... ဒီမှာလဲ ဖတ်ပါအုံး
ဒီမှာ ဖတ်ပေါ့

Wednesday, July 15, 2009

ဓမ္မသဟာနဲ့ အင်တာနက်ဂေဟာ

( ပြည်တွင်းက) ညီတော်များကို ကနဦး တိုက်တွန်းချင်တဲ့ အာသီသကတော့ ဓမ္မသဟာနဲ့ အင်တာနက် ဂေဟာ တို့ ဘယ်လို ဆက်နွှယ်နေတယ်ဆိုတာကိုပါပဲ။ ဓမ္မသဟာဆိုတာ မိတ်ကောင်းဆွေကောင်းပေါ့။ ကိုယ့်ကို တိကျတဲ့ လမ်းညွန်ချက်များ ပေးစွမ်းနိုင်တဲ့ ပြည်ပမှာ မိတ်ဆွေ သူငယ်ချင်း သတင်းသုံးဖော်ကောင်းလိုပါတယ်။ အင်တာနက် ကျွမ်းကျင်စွာသုံးတတ်ဖို့ကတော့ အင်္ဂလိပ်စာကို ပဌမ လေ့လာထားရမှာဖြစ်ပါတယ်။ ပြည်ပတက္ကသိုလ် တစ်ခုခုကို တက်ဖို့ စိတ်ဝင်စားပြီဆိုယင်တော့ ပြည်တွင်းမှာ မိမိနိုင်တဲ့ အားနဲ့ ဆရာခေါ်ပြီးပဲ ဖြစ်စေ၊ သင်တန်းတွေကို လိုက်တက်တာပဲ ဖြစ်စေ အင်္ဂလိပ်စာကောင်းမွန်အောင် ကြိုတင်ကာ မွမ်းမန်ထားသင့်ပါပြီ။ ဒါမှသာ မင်္ဂလာဒုံလေဆိပ်ကနေ စတင်ထွက်ခွာလာတာနဲ့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကို တွင်တွင် ကျယ်ကျယ်သုံးနိုင်မည်ဖြစ်ပါသည်။ ရန်ကုန်မှာတော့ တောင်ဥက္ကလာပက ဦးအဂ္ဂကျောင်း၊ မြောက် ဥက္ကလာပတွင် ဇမ္ဗူအေးတိုက်က မြတ်မင်္ဂလာကျောင်း၊ မယ်လမုဘုရာအနီး၊ ဘုန်းကြီးလမ်းက ဦပညာဒီပကျောင်းများနှင့် လှည်းတန်းတွင်း ဦးဝင်းနိုင်သင်တန်းများမှာ ဖီးလ်ကြေး သက်သက်သာသာနဲ့ အင်္ဂလိပ်စာသင်တန်းတွေ လိုက်တက်သင့်ပါတယ်။ လစဉ်ထွက်တဲ့ အင်္ဂလိပ်စာစောင်များကိုလဲ ဗဟုသုတ တိုးပွားအောင် ၀ယ်ဖတ်ခြင်း၊ ငှားဖတ်ခြင်းလုပ်ပေးရပါမည်။ သို့မှသာ တစ်စထက် တစ်စ အင်္ဂလိပ်စာတော်တဲ့ လူတော်လူမွန်များဖြစ်လာမည်ဖြစ်ပါတယ်။ ရန်ကုန်တွင် ယခုအခါ မြို့နယ်တိုင်းလိုလိုတွင် အင်တာနက် ဆိုင်များ မှိုလိုပေါက်နေပါပြီ၊ ဒါကို အခွင့်အရေးယူကာ နိုင်ငံတကာသို့ ဆက်သွယ်သော လမ်းကြောင်းအဖြစ် မိမိရရ အသုံးချရမည်ဖြစ်ပါသည်။ အင်္ဂလိပ်စာသင်ယူလေ့လာခြင်းသည် အင်တာနက်သုံးသသည့်အခါတွင် မေ့နေတဲ့ စကားလုံးတွေကို ပြန်လည်အမှတ်ရစေပါသည်။ စကားလုံးမှတ်မိ အားလည်း တိုးတက်လာမည်ဖြစ်သည်။ ပြည်တွင်းတွင် အနည်းဆုံး ပထမကြီးအောင်ထားယင် အင်္ဂလိပ်စာကို စတင်လေ့လာလို့လိုရပေသည်။ ယနေ့ခေတ်လိုအပ်အပ်ချက်အရ အင်္ဂလိပ်စာကို တတ်အောင်ကို သင်ယူထားရမည်ဖြစ်သည်။ ပထမကြီး အောင်ထားပြီးသူများသည် အောင်လက်မှတ်ကို နိုထရီပြန်ထားရမည်။ အမှတ်စာရင်းတောင်းယူလာရမည်ဖြစ်သည်။ သို့မှသာ ပြည်ပတွင် ဘီအေ တန်းကို ဆက်လက်လေ့လာနိုင်မည်မည်ဖြစ်ပါသည်။ အစိုးရ သာသနဓဇ ဓမ္မာစရိယအတွက် အောင်လက်မှတ်ကို နိုထရီပြန်လာရမည်။ အမှတ်စာရင်းတောင်းခံလာရမည်။ သာသနတက္ကသီလ ဓမ္မာစရိယအောင်ထားပြီးသူများမှာတော့ အမှတ်စာရင်းသာ တောင်းလာရမည်ဖြစ်ပါသည်။ ပြည်ပတွင် အမ်အေတန်းကို ဆက်လက်လျှောက်ထားသင်ယူကြမည်ဖြစ်ပေသည်။ ပြည်ပတွင် ကျောင်းတက်ခဲ့ဖူးသော မိတ်ဆွေများထံသို့ချည်းကပ်၍ ပြင်ဆင်သင့်တာကို ကြိုတင်ပြင်ဆင်ထားသင့်ကြပေသည်။ အင်တာနက်ဆိုင်သို့ ပြေးကား ပြည်ပလာခင် ပြင်စရာများကို စုဆောင်းလာရမည်ဖြစ်ပါသည်။ ချက်တင်ဝင်၍ အဖိုးတန်ချိန်များကို မဖြုန်းတီးသင့်ပါ။

၁။ အင်္ဂလိပ်စာ ကျွမ်းကျင်ရပေမည်။
၂။ ကွန်ပြူတာအခြေခံ အဆင့်ရှိနေရပါမည်။
၃။ ပြည်ပတွင် အဓိကသင်လိုသည့်ဘာသာရပ်တွင် ကျွမ်းကျင်အောင်လေ့လာထားရမည်ဖြစ်ပါသည်။


Monday, July 13, 2009

စေတနာရဲ့သားကောင်များ

“ စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ” လို့ ဗုဒ္ဓက ဟော၏၊ စေတနာကို ကံ ဟု ဆိုလိုခြင်းတည်း။ ကံ ဆိုတာ မကောင်းတဲ့ အသိုလ်ကံနဲ့ ကောင်းတဲ့ ကုသိုလ်ကံ ဆိုရယ်လို့ နှစ်မျိုးပဲရှိပါတယ်။ ဒီနေရာမှာ ကုသိုလ်ကံရော အကုသိုလ်ကံပါ နှစ်မျိုးလုံးကို ချုံငုံပြီး ကံ သို့မဟုတ် စေတနာလို့ သာမန်သုံးလိုက်တာပါပဲ။

“သင်္ခါရတရားအားလုံးဟာ အနိစ္စပါတကား” လို့ ပြောဆိုကြတာဟာလဲ ဖြစ်လာသမျှ ရုမ်နာမ်းတရားများဟာလဲ ပျက်သုံးကုန်းဆုံးကြရတာချည်းပါပဲတဲ့။ အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ အရ- သင်္ခါရ-စေတနာ စေတသိက်နာမ်တရားသည် ယှဉ်ဘက်ရုပ်နာမ်များနှင့် အတူတူဖြစ်ပျက်ကြရပါသည်။ ရှေးက ရထားခေါင်းတွဲနဲ့တူတဲ့ စေတနာဖြစ်လျှင် နောက်တွဲများနဲ့တူတဲ့ ယှက်ဘက် ရုပ်နာမ်တရားများလည်း လိုက်ဖြစ်ပါသည်တဲ့။ ( ဤကား သင်္ခါရ၏သဘာဝ)

အနိမ့်ဆုံး သောတာပန် အရိယာဖြစ်ပြီးလို့ မဂ်ဥာဏ်နဲ့ ထိုက်သင့်တဲ့ ကိလေသာအဆင့်များကို မပယ်ထားသေးဘူးဆိုယင်တော့ ကုသိုလ်ဇောနဲ့ အကုသိုလ်ဇောက လုံးဝ အားနည်း ပါးလွှားလာခြင်းမျိုး မရှိသေးဘဲ အာရုံငါးပါး စိတ်( ပဉ္စဒွါရ၀ီထိ) နဲ့ တွေးကြံစိတ် (မနောဒွါဝီထိ) နှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ ကုသိုလ်ဇောနဲ့ လည်/ဇောကျလိုက်၊ အကုသိုလ်ဇောနဲ့လည်/ဇောကျလိုက် စိတ်အစဉ်အတန်း(၀ီထိ) တွေလည်နေ ကျနေအုံးမှာပါပဲတဲ့ ။ (ဤကား သင်္ခါရပစ္စယာ ၀ိညာဏံ အရ- စိတ်ဝိညာဏ်ရဲ့ ဖြစ်ပုံသဘောသဘာဝတည်း၊ )

အာရုံငါးပါး တစ်ပါးပါး နဲ့ ဖြစ်စေ၊ အတိတ်အတွေး အနာဂတ်အတွေးကြောင့် ဖြစ်စေ ( အတီတံ နာနွာဂမေယျ၊ မဇ္ဈိမနိကာယ်) ပစ္စုပန်မှာ မနေတဲ့စိတ် / မမျှတတဲ့ စိတ်ကြောင့် ဖြစ်လာတဲ့ (ကျနေရတဲ့) စိတ်အစဉ်အတန်း ကုသိုလ်ဇော စေတနာ၊ အကုသိုလ်ဇော စေတနာ ကြောင့် ဘ၀သံသရာ ရထားကြီး ပျော်ပျော်ကြီး စီးကာ မော်နေရတဲ့ အဖြစ်ကို ဆိုက်ရောက်နေကြရတယ် ဆိုပဲ။

၃၁ ဘုံမှာ လည်ပတ်နေတဲ့ အနန္တသတ္တ၀ါများဟာ စေတနာရဲ့သားကောင်းများဖြစ်ကြပါတယ်။ သတ္တ၀ါများ ၃၁ ဘုံတွင် ကျင်လည်နေကြရသည်မှာ စေ့ဆော်မှုစေတနာကြောင့် ကျင်လည်နေရတာဖြစ်၏။

ကံကို ဖြစ်စေတတ်တဲ့ အရာ သုံးမျိုးရှိသတည်း။ ဒါကို ၀ိပါက၀ဋ်လို့လဲ သုံးပါတယ်။ အမှန်မသိမှု -အ၀ိဇ္ဇာ၊ တောင့်တနေမှု -တဏှာ၊ စွဲလန်းမှု -ဥပါဒါန် ဆိုတဲ့ တရားသုံးမျိုးကပဲ စေတနာဆိုတဲ့ မျိုးစေ့ကို ၃၁ ဘုံမှာ အပင်ပေါက်အောင်လုပ်ပေးနေတာပဲတဲ့။ တကယ်ကံ စေတနာမျိုးစေ့ကိုထုတ်တာကတော့ တဏှာ စက်ရုံက ထုတ်လုပ်ပါသည်တဲ့။
တဏှာ အမျိုးအစားကလဲ သုံးပါးရှိပါတယ်။
၁။ ကာမတဏှာ
၂။ ဘ၀တဏှာ
၃။ ၀ိဘ၀ဏှာ ( ဗဟုသုတအဖြစ်မျှသာ)



စေတနာဆိုတဲ့ ကံမျိုးစေ့ အကျိုးတရား ဘာကြောင့်ဖြစ်တာလဲလို့ မေးလာလျှင်တော့ အကျိုးတရားကား အကြောင်းတရားနှင့် မကင်းနိုင်ချေတကား၊ စေတနာမျိုးစေ့ ဖြစ်ကြောင်းနှစ်မျိုးပါရှိတယ်။

၁။ အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ = အမှန်မသိမှုကြောင့် သင်္ခါရ -စေတနာမျိုးစေ့ ဖြစ်လာရခြင်း
၂။ ကမ္မပစ္စယာ ဇာတိ = ပစ္စုပ်ပန်ကံစေတနာကြောင့် ပစ္စုပ်ပန်အကျိုး ဥပပတ္တိမွေးဖြစ်နေခြင်း

အထက်က (၁) နဲ့ (၂) အနှစ်ချုပ်လိုက်ယင် ကမ္မ၀ဋ် လို့လဲ ခေါ်ကြပါတယ်။ အ၀ိဇ္ဇာ နဲ့ ကမ္မဘ၀ ကမ္မ၀ဋ်ကြောင့် စေတနာ မျိုးစေ့အဖြစ်ကနေ သတ္တ၀ါအပင်ပေါက်လာတာပဲလို့မှတ်ယူရမလားပဲ။ ဤကမ္မ၀ဋ်နှစ်မျိုးကတော့ သာမာန်ချုံပြောယင် သတ္တ၀ါအားလုံးမှာလည်နေပါတယ်။ ဒါပေမယ့် ဘုရား ရဟန်ဒါမှာ လည်နေတဲီ့ကမ္မ၀ဋ်ကတော့ စေတနာမရှိတဲ့ ပြုကာမတ္တ ကိရိယာ အနေဖြစ်သာလည်နေကြသတဲ့။

“စေတနာအမှားပါ ညီမရယ်” တဲ့ ၊ ပြောရက်လိုက်လေခြင်း၊ စေတနာပါနေမှတော့ မှားတဲ့အမှားက သေသေချာချာကိုမှားတဲ့ အမှားပေါ့၊ ပေါ့ပေါ့ တန်တန်မှားလိုက်တဲ့ အမှားမျိုးမဟုတ်ဘူး လို့ ဆိုလိုရာရောက်သွားတာပေါ့၊ “မေတ္တာအမှားပါ”ဆို စကားသုံးလို့တော်သေးတာပေါ့။

ငါ ၊ ငါ့ဥစ္စာ ဆိုတဲ့ သက္ကာယဒိဋ္ဌိ ကင်းကင်း ၃၁ ဘုံရှိစေတနာကြောင့် ပေါက်ဖွားလာရတဲ့ ( သင်္ခါရပစ္စယာ ၀ိညာဏံ၊ ကမ္မပစ္စယာ ဇာတိ အရ) မြင်ရ၊ မမြင်ရ အားလုံးကိုကောင်းစားပါစေ၊ စတဲ့ ဗြဟ္မစိုရ်တရားနဲ့ ကျင့်သုံးနေထိုင်ရင်တော့ စေတနာကံသတ္တိကို အားနည်းစေတာ၊ ပပျောက်သွားစေတာ ဖြစ်လာဖို့ လမ်းစတစ်ခုပါပဲတဲ့။
မေတ္တာ ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားများသည် စေတနာကို အားနည်းသွားအောင်လုပ်ပေးတဲ့ဆေးတစ်မျိုးပါပဲတဲ့။
ဥပေက္ခာသဘောကို ဒီနေရာမှာနည်းနည်းထပ်ရှင်းလိုပါသည်။ ဓာရေတီတိ ဓမ္မော = သူ့သဘောသူဆောင်ခြင်း သဘောမျိုးကိုဆိုလိုတာပါပဲ။ တစ်ချို့က ဒါကိုဝေဖန်ကြတယ်။ ဘုရားမတိုင်ခင်ကရော ဘုရားလက်ထက်မှာရော၊ ဘုရားသာသနာနောက်ပိုင်းရော ဗြဟ္မာ့ပြည်ရောက်ကြောင်း ဗြဟ္မာ့စိုရ်တရားတွေက ရှိနေကြတာပါပဲတဲ့။ ဗြဟ္မစိုရ်တရားကို ကျင့်နေရုံနဲ့ ၃၁ ဘုံမှာ ကျည်လည်နေရတဲ့ သားကောင်ပဲ ဖြစ်နေအုံးမှာပါပဲတဲ့ဗျာ။

လူ၊ နတ်ချမ်းသာတောင်းတလျှက် ဒါနပြုတယ်၊ သီလဆောက်တည်တယ်။သမထဘာဝနာပွားတယ် ဆိုယင်တော့ ၃၁ သားကောင်းဖြစ်သွားရရှာတာပါပဲ။စေတနာကံနေ လွတ်မြောက်ကြောင်း ၀ိမုတ္တိတရားလမ်းကို ဘုရားက မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကိုချပြခဲ့ပါတယ်။ မဂ္ဂင်တရားလမ်းစဉ်ကို လျှောက်လှမ်းကာ ဆင်းရဲခြင်းအမှန်ဒုက္ခသစ္စာကို သိခြင်း၊ ဒုက္ခဖြစ်ကြောင်း တဏှာ သမုဒယ သစ္စာကို သိခြင်း (တဏှာနံ ခယမဇ္ဈဂါ)၊ ဒုက္ခချုပ်ကြောင်းလမ်း သို့ဆိုက်ရောက်ခြင်း၊ ဆင်းရဲချုပ်ကြောင်း မဂ်ကို ပွားများခြင်း ဆိုတဲ့ သိ၊ ပယ်၊ဆိုက်၊ ပွား လမ်းစဉ်များကို အားထုတ်လျှင်ကား ၃၁ ဘုံကနေလွတ်ကြောင်း စေတနာသားကောင်းများအဖြစ်မှ လွတ်မြောက်လိမ့်မည်ဖြစ်ကြောင်း .................

သာသနာ့အာဇာနည်းလောင်းကို ဂုဏ်ပြုခြင်း

တပည့်တော်များ မြန်မာရဟန်းတော်များသည် ယနေ့ခေတ်တွင် နိုင်ငံတကာသို့ တစ်စတစ်စထိုးဖောက်ဝင် ရောက်နေရာယူလာကြပါသည်။ မီဒီယာ ခေတ်တွင် မီဒီယာကို ကောင်းကောင်းအသုံးချ၍ ဗုဒ်ဓတရားတော်များကို နေရာ ဒေသမရွေးနေထိုင်ကြသည့် သတ္တ၀ါအများကို မီဒီယာအားဖြင့် အသိပေးနိုင်သောအခွင်များလည်း လက်တွင်းသို့ ဆိုက်ရောက်လာပါပီ။ ရှေးရှေးက ပြည်ပရောက် ပြည်ပရောက်သံဃာတော်အဖွဲ့များသည် အဖွဲ့အစည်းဖွဲ့၍ ညီညွတ်အောင် ကြိုးစားသော အလေ့အထများလည်း အားနည်းခဲ့ကြသည်ဟုယူဆမိပါသည်။ မဲစနစ်ဖြင့် ရွေးချယ်သောစနစ်ရှိသော အဖွဲ့အစည်းသည် တိုးတက်ရေး လမ်းကြောင်းပေါ်သို့ စတင်ရောက်ရှိစေသောနည်းလည်းဖြစ်ပါသည်။ အဖွဲ့အတွင်း အရည်အသွေးကောင်း ဗျတ္တိပဋိဗလ ရှိသောသူများကိုလည်း မဲ့ဆန္ဒရှင်များက မျက်စိကျနေမှာဖြစ်ပါသည်။ သံဃာ့အကျိုးကိုသယ်ပိုးခြင်းးသည် ကျန်သော ဘုရား တရား အကျိုးတို့ကို သယ်ပိုးသည်နှင့်ထပ်တူကြပေသည်။
စွမ်းစွမ်းတမံ သံဃာ့အကျိုးကိုသယ်ပိုးသူများသည် မှန်ကန်သော သာသနာပြုအာဇာနည်များဟုလည်း ခေါ်ထိုက်ပါပေသည်။ ဘုရား၏လမ်းစဉ်ကား အလယ်အလတ်လမ်းစဉ်ဖြစ်သည်နှင့်အညီ ဘုရား၏ သမုတိသံဃာ၊အရိယာသံဃာ သားရဟန်းတော်များသည်လည်း ဘုရားလမ်းစဉ်ကို လျှေက်လှမ်းကြမည့် အာဇာနည် သာကောင်းများပါပေတည်း၊ စာပေးဆည်းပူးခြင်းဖြင့် တဖက်တစ်လမ်းတွင် သံဃာ့အရေး လက်မနှေး ဆောက်ရွက် ကြရသည်။ ဆောင်ရွက်သူများကိုလည်း ဘုရားချမှတ်ထားသောလမ်းကို အမှန်တကယ် လျှောက်လှမ်းသူဖြစ်ပါမူကား မုဒိတာပွား သာဓု ခေါ်ဆိုထိုက်ပါပေတည်း။ နောက်နောင်လည်း ဤပုဂ္ဂိုလ်မျိုးကို သံဃာ့ ကိုယ်စားလှယ်အဖြစ် မတုံ့မဆိုင်း မဲ့ပေးထိုက်ပါပေ၏၊ ဤသည်ကား သာသာနာ့အာဇာနည်ကို အမှန်တကယ် ထိုက်ထိုက်တန်တန် ဂုဏ်ပြုခြင်း( ပူဇာစ ပူဇနေယျာနံ ) မင်္ဂလာကို ကျင့်သုံးခြင်း မည်ပါပေး၏။
ပူဇာစ ပူဇနေယျာနံ ဟုဆိုရာဝယ် ပူဇော်ခြင်းနှစ်မျိုးရှိပါသည်၊ ဓမ္မပူဇာ- စာပေအသိဥာဏ်ဖြင့် ပူဇော်ခြင်း၊ အာမိသပူဇာ-ပစ္စည်းဥစ္စာဖြင့် ပူဇော်ခြင်းတည်း။ ထိုနှစ်မျိုးတွင် ပထမပူဇော်နည်းကာ အလွန်မွန်မြတ်ပါပေ၏။ ဘုရားရှင်သည် မယ်တော်မိနတ်သားအား နက်နက်ခက်ခဲသော အဘိဓမ္မာတရား ဟောကြားခြင်းတည်းဟူသော ဓမ္မပူဇာဖြင့် မိခင်အား ကျေးဇူးဆပ်ခဲ့ပါသည်။ ဤနည်းတူ ဇနီးသယ်နှင့် သားတော်ရာဟုလာလေးတိုးအား လည်း တရားအမွေ ချီးမြှင့်ခြင်း ဓမ္မပူဇာဖြင့် တုံ့ပြန်ခဲ့သည် မဟုတ်တုံလော။ အာမိသပူဇာသည်လည်း ပူဇော်ထိုက်သောအရာတို့တွင် ဒုတိယနေရာတွင် ပါဝင်ပေသည်။ အဂတိတရားကင်းစင်သော၊နာယကဂုဏ်ကို ဆောင်နိုင်သော၊အတ္တသမ္မာပဏိဓိ
မိမိစိတ်ကို ကောင်းဆိုးလောကဓမ်ရှစ်ပါးနှင့် ကြုံတွေ့လာလျှင် အလယ်အလတ် သဘောထားနိုင်ခြင်း၊ ကာယအား၊ဥာဏအား မျှတခြင်း စသော ဂုဏ်ထူးဝိသေသများဖြင့်ပြည့်စုံ
သော သာသနာ့အာဇာနည်လောင်းများကို ဘုရားတပည့်တော်များ သံဃာ့အလယ်တွင် ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်
ကြောင်း ယုံကြည်စွာဖြင့် ပန်းပင်ပျိုလေး ထိုင်းနိုင်ငံရောက် မြန်သောတုဇနအသင်းကို ဤတွေးတောမိတာလေး
ဖြင့် ဂုဏ်ပြုလိုက်ပါသည် အရှင်ဘုရားတို့။



ညီညွတ်ခြင်းသည်အင်အား

လူတစ်ယောက်ရဲ့ နာမည်ကို ပုံစံအမျိုးမျိုးနဲ့ မှည့်ခေါ်သလိုမျိုးပဲ လူတစ်အုပ်စု၊အဖွဲ့အစည်း တစ်ဖွဲ့ ကိုလည်း အရောင်၊ အက်ေတအလံ၊ တဆိပ်၊ ပုံသံဌာန် ပုံစံအမျိုးမျိုးနဲ့ မှည့်ခေါ်ကြပါတယ်။ သက်ေတပြုကြပါတယ်။
သံဃာ့အဖွဲ့အစည်းကို ပုံတူအရောင်နဲ့  ဦးပြည်း ကတုံးပုံသံဌာန်ပြုကာ ဖွဲ့စည်းလာခဲ့ပါတယ်။ ဤကဲ့သို့ စဉ်အ
ဆက်ဖွဲ့စည်းလာခဲ့သော် သံဃာ့အဖွဲ့အစည်းမှာ နှစ်ပေါင်း ၂၅၀၀ ကျော်သို့တိုင် ရောက်ရှိလာခဲ့ပါပြီ။ဤသံဃာ့
အဖွဲ့အစည်းသည် လူသားတို့အကျိုး၊စီးပွာချမ်းသာ၊လောကကိုစောက်ရှောက်ဖို့ (ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ၊ လောကာနုကမ်ပ) ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင် စာပေလာရောက်ဆည်းပူးတဲ့ သံဃာတော်များသည်လည်း လူသားလောက
ကောင်ကျိုးကိုရှေးရှုကာဤသံဃာ့အဖွဲငယ်ကို ဖွဲ့ စည်းခဲ့ရခြင်းဖြစ်ပါသည်။ အများညီညွတ်ခြင်း
သည် ကိစ္စရပ်တစ်ခုခုကိုဆောင်ရွက်ရာတွင် ထိရောက်မြန်ဆန်သော ပြီးမြောက်မှုကို ရစေပါသည်။ အဖွဲ့အစည်းအတွင်း ပါရမီရှင်များကို ရှာဖွေရန်ပိုမိုလွယ်ကူစေပါသည်။ ၀ဇ်ဇီတိုင်းသားများကိုဘုရားကဟောကြားထားခဲ့သော အဖွဲ့အစည်းတစ်ခုရဲ့ညီးညွတ်မှုစံများသည် အဖွဲ့စည်းကို တည်ထောင်ဖွဲ့စည်းကြသူတိုင်း လေးစားလိုက်နာဖွယ်ကောင်းသော နမူကောင်းများဖြစ်ပါသည်။ စာပေသည် လူတစ်မျိုးတစ်မျိုးအတွက် ညီညွတ်အအောင် ညှိပေးသော ပေတံနှင့်တူပေသည်။ နိုင်ငံတော်အလံသည်သည်လည်း
ထိုနိုင်ငံတွင် နေထိုင်သော တိုင်းသူပြည်သားများကို သင်္ကေတမျဉ်းအနေဖြစ်ညှိပေးသောအရာပေတည်း၊ ထိုနည်းတူပဲ အဖွဲ့အစည်းတစ်ခုရဲ့အမည်နာမ၊ အ၀တ်ယူနိဖောင်း စသည်တို့သည်လည်းပဲ အဖွဲ့အစည်းအတွက် အင်းအားအစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။
အချို့သောဘာသာဝင်များသည် တစ်ပတ်တွင်တစ်ကြိမ်ကျ တွေ့ဆုံဝတ်ပြုခြင်းဖြင့် စည်းလုံးညီညွတ်အောင် ဘာသာဝင်တိုးတက်အောင် လုပ်ဆောင်ကြပါသည်။ အသုံးပြုသော သင်္ကေတများမှာကား ဟာမိုနိသဘောဆောင်သော တူရိယာသံစုံ၊ ဂီတ၊ သံပြိုင် ၀တ်ပြုခြင်း များတို့ပါဝင်ပါသည်။ ထို့အတူပါပဲ ရဟန်းအဖွဲ့အစည်း အရှည်ခိုင်ခံ့စေရန် တစ်ကျောင်းတွင်လည်း အတူတူ ၀တ်တက်ခြင်း၊ အတူတူ ရေခတ်ခြင်း၊ ဥပုသ်ပြုခြင်း၊ကံဆောင်ခြင်းများတို့ ရှိနေပါသည်။
ဤကဲ့သို့ သတ်မှတ်ရက်အတိုင်းတွေ့ဆုံးခြင်း၊ တူညီသောကတိက၀တ်တစ်ခုကို ရယူကြခြင်း၊ အကောင်အထည်ဖော်ခြင်းစသည့်အလုပ်များသည်အဖွဲ့အစည်းတစ်ခုအရှည်တည်တံ့ကြောင်း
နည်းလမ်းကောင်းများဖြစ်ပါသည်။
ညီညွတ်ခြင်းသည် ကာယသာမဂ္ဂီ-ကိုယ်အားဖြင့် ညီညွတ်ခြင်း၊ စိတ္တသာမဂ္ဂီ-စိတ်ခွန်အား အားဖြင့် ညီညွတ်ခြင်း တို့အားဖြင့် နှစ်မျိုးရှိပါသည်။ သံဃာ့ကံ ၊သာသနာရေးအမှုကိစ္စဆောင်ရွက်ရာတွင် အများနည်းတူ ညီညီညွတ်ညွတ်ဆောင်ရွက်လိုက်ပါခြင်းသည် ကိုယ်အားဖြင့် ညီညွတ်ခြင်းဟု ထင်ပါသည်။ ဆောင်ရွက်လိုက်သဖြင့် အောင်မြင်မှု ၊ဆုံးရှုံးမှု ရလာဒ်များသည်ကား စိတ်ဓာတ်ရဲ့ အတက်၊အကျ ခွန်းအားကို ဖြစ်စေပါသည်။ အပြန်အလှန်အားဖြင့် ကိုယ်အား နဲ့ စိတ်အားသည် အကြောင်းအကျိုးဆက်နွယ်မှုရှိပါသည်။
တစ်ခုကောင်းလျှင် နောက်တစ်ခုကလိုက်ကောင်းနေတတ်ပီး ၊တစ်ခုယုတ်လျှင် နောက်တစ်ခု လိုက်ယုတ် တတ်သည်မှာ လောကဓမ္မတာပင်ဖြစ်၍ ဆိုဖွယ်ရာမရှိပေ။ ကောင်းတိုင်းလည်း မာန်မာန် အထွတ်တက်စရာမရှိအာင် ထိန်းသိမ်းခြင်း၊ အဆိုးနဲ့ရင်ဆိုင်ရတိုင်းလည်း စိတ်ဓာတ်ခွန်အား အလွန်တရာကျဆင်းသွားဖွယ်ရာ မရှိအောင် ထိန်းသမ်းခြင်း၊ ဤသို့ကျင့်သုံးခြင်းသည် ထိုင်းနိုင်ရောက် မြန်မာစာသင်သားရဟန်းတော်များ အဖွဲ့သည် ခရီးလမ်းတစ်လျှောက် တိုက်ခတ်လာမည့် လောကဓမ်လှိုင်းကြမ်း၊ လေကြမ်းကို အတ္တသမ္မာပဏိဓိ -မိမိစိတ်ကို အများကောင်းကျိုး၊သံဃာ့ကောင်းကျိုးအတွက် ရှေ့ရှုဆောင်ရွက်နေသည်ဟု ခိုင်ခိုင်ဆောက်တည်ကာ ပျိုးပင်ပေါက်စ ကျောင်းသားအဖွဲ့အရေးကို ညီညီညွတ်ညွတ် ထမ်းဆောင်တည်ဆောက်ကြပါစို့လား အရှင်ဘုရား တို့။

Sunday, July 12, 2009

ဥပါဒါန်ရဲ့ဝဋ်ကြွေး

ဝဋ်ဆိုတာ ၀ဋ္ဋ = လည်ပတ်ခြင်း ဆိုတဲ့ ပါဠိကဆင်းသက်လာတဲ့ ပါဠိသက် ဝေါဟာရမြန်မာစကားတစ်လုံးပါပဲ။ ကိလေသ၀ဋ် ၊ကမ္မ၀ဋ်၊ ၀ိပါက၀ဋ် လို့ ၀ဋ်သုံမျိုးရှိပါတယ်။ ကိလသ၀ဋ်မှာ အ၀ိဇ္ဇာ၊တဏှာ၊ဥပါဒါန် လို့သုံးမျိုးရှိပါတယ်။ အဲဒီသုံမျိုးတို့အနက် လူသားတို့အပေါ်မှာ ပေါင်းပင်သဖွယ်ရစ်ပတ်တွယ်ပြီး လည်ပတ်နေတာဟာ ၀ဋ်လည်နေတယ်လို့ ပြောကြတာပါပဲ။ ဒါကိုပဲ ဗုဒ္ဓဘုရားရှင်က ဓမ္မစကြာတရားဦးမှာ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ” လို ပဉ္စ၀ဂ္ဂီငါးဦးတို့အား ၀ါဆိုလပြည့်နေ့မှာ ဟောခဲ့တယ်လို့ ပြောရမလားပဲနော်။ “ဥပါဒါန်ရဲ့ဝဋ်ကြွေး”ဆိုတာ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်နေတဲ့ သတ္တ၀ါတစ်ဦးဦးရဲ့ နေ့စဉ်လှုပ်ရှားရုန်းကန် နေရတဲ့ ဆင်းရဲတဲ့ ဘ၀လည်ပတ်မှု ( သို့မဟုတ်) နေသစ်မှာ ဘ၀အသစ်အသစ် မွေးဖွားနေတာကိုပြောတာပါပဲ။

“ဒါဟာ ဘ၀ရဲ့ဝဋ်ကြွေးလား” လို့ ကိုယ့်ကိုယ်ကိုခဏခဏလဲမေး တတ်ကြပါလိမ့်မယ်။ သူတစ်ပါးကိုလဲမေးတတ်ကြပါလိုက်မယ်။စွဲလန်းတဲ့သံယောဇဉ်ဆိုတာလဥပါဒါန်တစ်မျိုးပါပဲ။လူသားတွေမှာ မမြင်နိုင်တဲ့ သံယောဇဉ် ဥပါဒါန် အမြှင်အတန်းလေးတွေရှိကြပါတယ်။ အဲဒီ မမြင်ရတဲ့ သံယောဇဉ်အမြှင်အတန်းကပဲ ကိုယ့်ဘ၀ကို ဥပါဒ်ပြန်ဖြစ်စေတာပါပဲ။ ဥပါဒါန် (သို့မဟုတ်)သံယောဇဉ်ဆိုတာ သက်ရှိ သက်မဲ့ ပစ္စည်းဥစ္စာတွေပေါ်မှာ နှောင်ကြိုးလေးတွေရှိနေတဲ့အတွက် ကိုယ့်ကို (Cling) စီးကပ်စေတာပါပဲ။ ဒီနေရာမှာ လောဘ စိတ်ကိုတော့ မျောက်နှဲ့စေး အစေးခံရသည့် ဥပမာပေးထားပါတယ်။ ဥပါဒါန်ကတော့ မမြင်နိုင်တဲ့ ကြိုးမြှင်းလေနဲ့တူပါဥပမာပေးလိုက်တော့မယ်။ ရုပ်သေးပွဲကြည့်ယင် ရုပ်သေးကို လှုပ်ရှားစေတဲ့ ကြိုးမြှင်များပါ ရှိပါတယ်။ အဲဒါကို မီးမှိန်ထားယင်တော့ မြင်ရဖို့ခက်ခဲပါတယ်။ ကနေတဲ့ ရုပ်သေးရုပ်ကိုပဲ ထင်ထင်ရှားရှား မြင်နေရပါတယ်။ ရုပ်သေးရုပ်အကလှစေဖို့ ရုပ်သေးရုပ်ရဲ့အစိတ်အပိုင်းတွေမှာ သွယ်တန်းထားတဲ့ ကြိုးများလေလေ လှုပ်ရှားပေးဖို့ ပိုကောင်းလေလေပါပဲ။
အသေးစိတ်တွယ်တန်းထားတဲ့ ကြိုးများလေလေ ရုပ်သေးအကက လှလေလေပါပဲ။ ဒီနေရာမှာ ရုပ်သေးရုပ်မှာ ပါတဲ့ ကြိုးမြှင်မြှင်လေးဆိုတာ လူတွေမှာရှိနေတဲ့ မမြင်နိုင်သံယောဇဉ်ကြိုးလိုမျိုးပါပဲ။ သံယောဇဉ်များလေလေ လူတစ်ယောက်ရဲ့ရုန်းကန် လှုပ်ရှားမှုက များလေလေပါပဲပေါ့။ လှုပ်ရှားတယ် ဆိုတယ် စိတ်ကအရင်လှုပ်ရှားလို့ ကိုယ်ရုပ်ခန္ဓာက လိုက်လှုပ်ရှားနေရတာပါပဲ။ ဒါကြောင့်လဲ လောကဇာတ်ခုံ ၊ လူ့ဘုံလောက၊ နေ့နေ့ညည လှုပ်ရှားရ၏ စတဲ့ စကားတွေများဖြစ်လာသလားလို့ တစ်ခါ တစ်ခါ စဉ်းစားပြီး ကိုယ့်ဘာသာကိုယ် အချင်းများနေမိပါတယ်။ လူ့လောကဇာတ်ခုံပေါ်မှာ ခဏတာလာ ကခုံကြတဲ့ လောကလူသားသတ္တ၀ါများလည်း ဒီနှယ်ပဲ နေမှပါပဲ။
တစ်ချို့က အဆင်မပြေမှုတွေကို သယ်သယ်လာပြီးတော့ “ ဒါဟာ ၀ဋ်ကြွေးလားဟင်” လို့မေးတတ်ကြလို့ “ အင်းပေါ့ ၊ ဒါဟာ ကိုယ့်လုပ်တဲ့ ၀ဋ်ကြွေးပဲလေ” လို့ ပြန်ဖြေပေးလိုက်တာကို မကျေနပ်ပဲ တွေးရင်းရင်း “ဟဲတော် ၀ဋ်ဆိုတာ တစ်ပါးသူကြောင့် လည်တာထင်နေတာ” တဲ့လေ။ ရေးယင်းရေးယင် အဆိုတော်လေးဖြူရဲ့ “သံယောဇဉ်” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ညီးနေမိပါတယ်။တွေးမိတာလေးတွေပါ။