Saturday, July 11, 2009

ထိုင်းနိုင်ရောက်ကျောင်းသားသံဃာအဖွဲ့ ဖွဲ့စည်းခြင်းသတင်း

သတင်းစဉ်
ဘလောဂ်ကြွလာမိတ်သဟာများခင်ဗျား၊ အထူသတင်းကောင်းတရပ်ပါးလိုသည်မှာ ထိုင်းနိုင်ငံရောက် တက္ကသိုလ်ပညာသင် ရဟန်းတော်များအဖွဲ့ကို .............ရက်နေ့တွင် တွင် ထိုင်းနိုင်တွင် ဥက္ကဋ္ဌ ၊ ဒု-ဥက္ကဋ္ဌ၊အတွင်းရေးမှုး စသည့်အဖွဲ့ဝင်များကို မဲစနစ်ဖြင့် ရွေးချယ်တင်မြောက်၍ ဖွဲ့စည်း
လိုက်ပါသည်။
ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်မှာနိုင်ငံရေးနှင့်မပတ်သက်ဘဲ စာသင်သားအချင်းချင်းတစ်ဦပေါ်တစ်ဦး
ပြည်ပတိုင်းတစ်ပါးနိုင်ငံတွင် ရိုင်းပင်ကူညီနိုင်အောင်၊ အခက်ခဲဖြစ်သည့် အဖွဲ့ဝင်သံဃာကို လူအား ၊ငွေအား ကူညီပေးရေး၊ အချင်းချင်းစည်းလုံးညီညွတ်ရေး၊ အလှုရှင်များက လှူဒါန်းသည့် အလှူငွေများကို စနစ်တကျ ဘဏ္ဍာထိန်း၊စာရင်းစစ်တို့က ထိန်းသိမ်းစီစစ်ကာ လိုအပ်ရာရာများကို ကူညီဆောင်ရွက်ပေးရေး စသည့် မွန်မြတ်သည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါသည်။
ထို့ပြင် ထိုင်းနိုင်ငံရောက် နယ်ခြားဖြတ်ကျော် အလုပ်သမားများ၏အခက်ခဲများကို လိုက်ပါကူညီပေးရန် အစီအစဉ်များလဲ ရှိပါသည်။ ရဟန်းတော်များအနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏
လူမှုရေး အခက်ခဲများကို ဘုရားရှင်ချမှတ်ထားသည့် သမ္မာအာဇီဝမဂ္ဂင်ကို ဦးထိပ်ထား၍ ပစ္စယာနုဂ္ဂဟ- ပစ္စည်းလေးပါးကို ထောက်ပံ့လှူဒါန်းကြသည့် ဒကာ ဒကာမများကို ဓမ္မာနုဂ္ဂဟ- တရားသော နည်းလမ်းဖြင့်
ပြန်လည်ကျေးဇူးဆပ်ရန် ရွယ်ချက်လည်း အဖွဲ့၏စည်းမျဉ်းတွင် ထည့်သွင်းထားပါသည်ဟုဆိုသည်။
ဤအဖွဲ့ကို နောင်တွင် တိုး၍စဉ်မျဉ်များချမှတ်ရန်လည်းရှိပါသည်ဟု အဖွဲ့ဝင် ပြန်ကြားရေး ကိုယ်စားလှယ်မှ တစ်ဆင့် ကြားသိရပါသည်။
ယခုဘလောဂ်ကိုဖတ်ရသဖြင့် မြန်မာနိုင်ငံ ပါတ်စပိုစ်ကိုင်ဆောင်ထားသော ထိုင်းနိုင်ငံတွင်သတင်းသုံးသည့် သံဃာအာလုံး၏ အကြံဥာဏ်များ၊ ကန့်ကွက်၊ထောက်ခံ၊ ကြားနေမဲများကိုလည်းကောင်း၊ အဖွဲ့ဝင်အဖြစ်ကိုလည်းကောင်း အထူးကြိုဆိုလျှက်ပါ သံဃာတော်အရှင်မြတ်များဘုရား၊

No comments:

Post a Comment